
Dr. Kyi Kyi Moe
Professor
Head Of Department
မင်္ဂလာပါ
ကျွန်မကတော့ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ မြန်မာဘာသာဌာနက ပါမောက္ခ၊ (ဌာနမှူး) ဒေါက်တာကြည်ကြည်မိုးပါ။ ကျွန်မတို့ဌာနမှာ နိုင်ငံတကာက မြန်မာစကားသင်ဖို့ ရောက်ရှိလာတဲ့ ကျောင်းသား၊ ကျောင်းသူများကို တာဝန်ယူသင်ကြားပေးလျက်ရှိနေပါတယ်။ ကျွန်မတို့ဆီမှာ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ အမေရိကန်၊ အီတလီ၊ ရုရှား၊ တူရကီ၊ မက္ကစီကန် စတဲ့နိုင်ငံတွေက ကျောင်းသား၊ ကျောင်းသူများ လာရောက်ပညာသင်ယူလျက်ရှိနေပါတယ်။ အတန်းများအနေနဲ့ကတော့ (၂)နှစ်တက်ရတဲ့ ဒီပလိုမာတန်း၊ (၄)နှစ်တက်ရတဲ့ ၀ိဇ္ဇာတန်း၊ (၁)နှစ်ပဲတက်ရတဲ့ ကျွမ်းကျင်မှုသင်တန်းများ (အခြေခံ၊ ကြား၊ အဆင့်မြင့်)ဆိုပြီး သုံးမျိုးရှိပါတယ်။ ဒါ့အပြင် အခါအားလျော်စွာ လာရောက်ကြတဲ့ ရက်တိုသင်တန်း၊ တစ်လသင်တန်း၊ နှစ်လသင်တန်း၊ ငါးလသင်တန်းစသည်တို့ကိုလည်း ပို့ချပေး လျက်ရှိနေပါတယ်။ ဒီတက္ကသိုလ်မှာ လာရောက်သင်ယူနိုင်ရန် သက်ဆိုင်ရာနိုင်ငံက အနိမ့်ဆုံး အထက်တန်းအောင်ထားရမှာဖြစ်ပါတယ်။ မြန်မာဘာသာစကားနှင့်အတူ မြန်မာစာပေ၊ မြန်မာ့ ယဉ်ကျေးမှုတို့ကိုပါ တစ်ချိန်တည်းမှာ လေ့လာနိုင်မှာဖြစ်ပါတယ်။ မြန်မာဘာသာစကားလေ့လာသူ များကို ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ မြန်မာဘာသာဌာနမှ ကြိုဆိုနေပါတယ်။
မြန်မာဘာသာဌာနသမိုင်း
ကျောင်းသားများအတွက် မြန်မာဘာသာသင်တန်းကို ၁၉၇၄ ခုနှစ်မှ စတင်ပို့ချခဲ့ပါသည်။ စတင်ပို့ချပေးသည့်အခါက မြန်မာဘာသာဌာနဟူ၍ သီးသန့်ဌာနမရှိသည့်အတွက် ရန်ကုန် တက္ကသိုလ်မှ ဆရာများဖြင့် စတင်သင်ကြားပေးခဲ့ပါသည်။ ၁၉၈၅ ခုနှစ်တွင် ရန်ကုန်နိုင်ငံခြား ဘာသာသာသိပ္ပံ၌ မြန်မာဘာသာဌာနကို ဖွင့်လှစ်ခဲ့ပြီး ၁၉၈၈-၁၉၈၉ ပညာသင်နှစ်တွင် ကျွမ်းကျင် သင်တန်းများသာ ရှိခဲ့ပါသည်။ ၁၉၉၇-၁၉၉၈ ပညာသင်နှစ်တွင် ၀ိဇ္ဇာဘွဲ့သင်တန်းကိုလည်းကောင်း၊ ၁၉၉၉-၂၀၀၀ ပညာသင်နှစ်တွင် ဒီပလိုမာဘွဲ့သင်တန်းများကိုလည်းကောင်း ဖွင့်လှစ်ပို့ချသင်ကြား ပေးလျက်ရှိပါသည်။ ညနေပိုင်းမြန်မာဘာသာစကား အခြေခံသင်တန်းကိုလည်းကောင်း ၂၀၁၃ ခုနှစ်တွင် ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။ ၁၉၇၄ ခုနှစ်မှ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အထိ မြန်မာဘာသာစကား သင်ယူခဲ့သော နိုင်ငံခြားကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၇၂၇)ဦးရှိပြီး ဖြစ်ပါသည်။ မြန်မာဘာသာစကားကို လာရောက်သင်ယူသူအများစုမှာ ပညာတော်သင်များ၊ စစ်ဘက်ဆိုင်ရာအရာရှိများ၊ သံရုံးဝန်ထမ်းများ၊ စီးပွားရေးလုပ်ကိုင်သူများ၊ ထေရ၀ါဒလေ့လာသူ များ၊ နှစ်နိုင်ငံအစီအစဉ်ဖြင့် လာရောက်သော တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများဟူ၍ဖြစ်ရာ နိုင်ငံအစုံ၊ ဘာသာစကားအစုံ၊ အလွှာစုံမှဖြစ်သည့်အပြင် အသက်အရွယ်ကွာခြားမှုများလည်း ရှိပါသည်။
မြန်မာဘာသာစကား၊ မြန်မာစာပေနှင့် မြန်မာ့ယဉ်ကျေးမှုတို့ကို နိုင်ငံခြားသားများ သင်ယူ လေ့လာရာတွင် နားလည်မှုကို ပိုမိုကျွမ်းကျင်ထိရောက်စွာ တတ်မြောက်စေရန်နှင့် အထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်၍ (Centre of Excellence for Teaching of Myanmar as a Foreign Language) ကို ဖွဲ့စည်းပြီး ရှေ့လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိပါသည်။
Faculty Members of Myanmar Department
No | Name | Post |
1 | Dr. Kyi Kyi Moe | Professor (Head) |
2 | Dr. Swe Swe Than | Assistant Professor |
3 | Daw Khine Khine Zaw | Lecturer |
4 | Daw War War Oo | Lecturer |
5 | U Khin Thaw | Lecturer |
6 | Daw Phyu Phyu Khine | Lecturer |
7 | Daw Mya Myaw Than | Lecturer |
8 | Dr. Aye Thaw Dar | Lecturer |
9 | Daw Thida Oo | Lecturer |
10 | Dr. Khin Ohmar Aung | Lecturer |
11 | Dr. Hla Kanyar Yin | Lecturer |
12 | Dr. Saw Kay Thwe | Lecturer |
13 | Dr. Mi Mi Win Mya | Assistant Lecturer |
14 | Dr. Theint Theint Oo | Assistant Lecturer |
15 | Dr. Win Min Aung | Assistant Lecturer |
16 | Daw Thiri Zaw | Assistant Lecturer |
17 | Daw Lwin Ni Ni Khine | Assistant Lecturer |
18 | Dr. Nay Zar Lin | Assistant Lecturer |
19 | Daw Thurain Wint Wint Han | Tutor |
20 | Daw Shwe Yee Myat Mon | Tutor |
21 | U Tha Toe Aung | Tutor |