Dr Soe Soe Myint Ling

Dr. Soe Soe Myint
Professor
Head Of Department

ဘာသာဗေဒဌာန

ဘာသာဗေဒဌာနကို (၁၉၉၈)တွင် စတင်ဖွင့်လှစ်ခဲ့ပြီးနောက် (၂၀၁၃-၂၀၁၄) ပညာသင်နှစ် မှစတင်၍ အထွေထွေဘာသာဗေဒ ဒီပလိုမာအချိန်ပိုင်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါသည်။ ဒီပလိုမာ အချိန်ပိုင်းသင်တန်းသည် ဘာသာစကား သင်ကြားနေသူများသာမက ဘာသာစကားနှင့် ဘာသာဗေဒ နယ်ပယ်တွင် စိတ်ဝင်စားသူများအတွက်ပါ အသုံးဝင်သည့် သင်တန်း ဖြစ်ပါသည်။ ယင်းသင်တန်းတွင် Linguistic Theory (phonetics, phonology, morphology, syntax, and semantics), Experimental Linguistics (especially speech perception and production, and first-language acquisition), Language Change, Discourse & Grammar, Prosody, Sociocultural Linguistics, Language Typology, Sociolinguistics of Professional Organizations, နှင့် Media Discourse တို့ကို အဓိကထား၍ သင်ကြားပေးနေပါသည်။ သင်ကြားရာတွင် မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာကို အသုံးပြု၍ သင်ကြားပေးလျက်ရှိပါသည်။ အင်္ဂလိပ်ဘာသာ အထူးပြုများမှအပ အခြားမဟာဝိဇ္ဇာ ပထမနှစ် ဘာသာစကား သင်တန်းများတွင်လည်း ဘာသာဗေဒဘာသာရပ်ကို သင်ကြားပေးလျက်ရှိပါသည်။ ထို့အပြင် ပထမနှစ်၊ ဘာသာစကားအထူးပြု ဝိဇ္ဇာသင်တန်:များ၏သင်ရိုးတွင် ဘာသာဗေဒ အခြေခံသဘောတရားများကို ဘာသာရပ်တစ်ခုအဖြစ် ထည့်သွင်း သင်ကြားနေပါသည်။ သင်ကြားပို့ချချက်များသည် ဘာသာစကားသင်ကြား၊ သင်ယူမှု တွင် အထောက်အကူပြုနိုင်ရန်၊ ဘာသာစကားနှင့် ဆက်နွယ်သော လုပ်ငန်း များနှင့် ဘာသာစကား သုတေသနများကို ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပါသည်။

Faculty Members of Linguistics

စဉ် အမည် ရာထူး
ဒေါက်တာစိုးစိုးမြင့် ပါမောက္ခ (ဌာနမှူး)
ဒေါက်တာနွယ်နီတင် တွဲဖက်ပါမောက္ခ
ဒေါ်နိုင်နိုင်ထွေး ကထိက
ဒေါ်မိုးယဉ်ငြိမ်း ကထိက
ဒေါ်စန္ဒာဌေး လက်ထောက်ကထိက
ဒေါ်အေးမြမြစိုး လက်ထောက်ကထိက
ဒေါက်တာသိင်္ဂီထား နည်းပြ