ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်စာကြည့်တိုက်

စာကြည့်တိုက်နောက်ခံသမိုင်း

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်စာကြည့်တိုက်ကို ၁၉၈၄ ခုနှစ်၊ စက်တင်ဘာလ(၂၆)ရက်နေ့ တွင် ရန်ကုန်နိုင်ငံခြားဘာသာသိပံ္ပ၏ ပင်မဆောင်မြေညီထပ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ တရုတ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ ဂျပန်၊ မြန်မာ၊ ရုရှားဘာသာစကားများဖြင့် ရေးသားထားသော စာအုပ်စုစုပေါင်း (၂၀၀၀၀)ခန့်ဖြင့် စတင်ဖွင့်လှစ်ခဲ့ပါသည်။

၁၉၈၅ ခုနှစ်တွင် စာကြည့်တိုက်ကို မြ၀တီဆောင်အပေါ်ထပ်သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ စာဖတ်သူ (၃၆)ဦး တစ်ပြိုင်တည်းဖတ်နိုင်သော စာဖတ်ခန်း(၁)ခန်း၊ စာအုပ်ခန်း(၁)ခန်းနှင့် ရုံးခန်း(၁)ခန်း တို့ဖြင့် ဖွဲ့စည်းထားပါသည်။ ထိုအချိန်က စာအုပ်များကို ပြင်ပသို့ငှားရမ်းခြင်းမပြုခဲ့ပါ။ စာကြည့်တိုက် တွင်သာ  လေ့လာဖတ်ရှုနိုင်ပါသည်။

၁၉၉၆ ခုနှစ်၊ စက်တင်ဘာလ(၂) ရက်နေ့တွင် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်ခဲ့ရာမှ စာကြည့်တိုက်သည် တက္ကသိုလ်စာကြည့်တိုက်  အဆင့်သို့ရောက်ရှိခဲ့ပါသည်။ ထိုအချိန်မှစပြီး စာအုပ်များကို ဆရာ/ဆရာမများ၊ ကျောင်းသား/သူများအား ပြင်ပငှားခွင့်ပြုခဲ့ပါသည်။ ထို့နောက် (၂၀၀၀) ပြည့်နှစ် နိုဝင်ဘာလတွင် စာကြည့်တိုက်ကို စာကြည့်တိုက်နှင့် သင်ထောက်ကူ အဆောက်အအုံ  (LRC ) အဆောင်သစ် ဒုတိယထပ်သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ စာကြည့်တိုက်ကို စာဖတ်ခန်း၊ စာအုပ်စင်ခန်းနှင့် ရုံးခန်းတို့ဖြင့် ဖွဲ့စည်းထားပါသည်။ စာကြည့်တိုက်ကို Library Automation System  ဖြင့်ဆောင်ရွက်နိုင်ရန်   e.Lib Software ဖြင့် စာအုပ်ကတ်တလောက်သွင်းခြင်း၊ ကက်တလောက်များကို ကွန်ပျူတာဖြင့် ရှာဖွေခြင်းတို့ကို စတင်ဆောင်ရွက်ခဲ့ပါသည်။

ထို့ပြင် ၂၀၀၇ ခုနှစ်တွင် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ အင်တာနက်အသုံးပြုပြီး သတင်းအချက်အလက်များ ရှာဖွေနိုင်ရန်အတွက် ကွန်ပျူတာ(၅)လုံးဖြင့်  user terminal  ကို စာဖတ်ခန်း တွင်ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ်တွင် အခန်းအမှတ် (LRC- 303) တွင် ရည်ညွှန်းစာဖတ်ခန်းကို ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် ကိုရီးယားစာပေ၊ ယဉ်ကျေးမှုတို့ကို လေ့လာနိုင် သော  Window on Korea စာဖတ်ခန်းကို အခန်းအမှတ် (LRC- 303) တွင် ဖွင့်လှစ်နိုင်ခဲ့ပါသည်။

ယခုအခါ စာကြည့်တိုက်သည် စာဖတ်သူ (၉၂)ဦး ဖတ်နိုင်သော စာဖတ်ခန်း(၁)ခန်း၊ စာဖတ်သူ(၂၀)ဦး ဖတ်နိုင်သော ရည်ညွှန်းစာဖတ်ခန်း(၁)ခန်းနှင့်၊ စာဖတ်သူ(၃၀)ဦး ဖတ်နိုင်သောWOK  စာဖတ်ခန်း(၁)ခန်းနှင့် စာအုပ်စင်(၁၀၁)စင်ပါဝင်သော စာအုပ်ခန်းတို့ဖြင့် ဖွဲ့စည်းထားပါသည်။ စာကြည့်တိုက်၏ ဧရိယာအကျယ်အ၀န်းမှာ (၆၁၃၅ )စတုရန်းပေ ရှိပါသည်။ ယနေ့ထိ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ အီတလီ၊ မြန်မာ၊ ရုရှား၊ စပိန်၊ တရုတ်၊ ဂျပန်၊ ထိုင်းဘာသာစကားများဖြင့် ရေးသားထားသော စာအုပ်စုစုပေါင်း (၇၅၆၆၃)အုပ်နှင့် မဂ္ဂဇင်း၊ ဂျာနယ်(၁၄၀၉၆)စောင်နှင့်  Non-Book Material  ပေါင်း (၃၂၁၉) တို့ကို စုဆောင်းထားရှိပါသည်။

စာကြည့်တိုက်ဖွင့်ချိန

ကျောင်းဖွင့်ချိန်

တနင်္လာ မှ သောကြာ၊ ၉:၀၀ နာရီ  မှ ၅:၀၀ နာရီ

ကျောင်းပိတ်ချိန်

တနင်္လာ မှ သောကြာ၊ ၉:၃၀ နာရီ မှ ၄:၃၀ နာရီ

စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များ ပိတ်သည်။

စာကြည့်တိုက်ဝန်ထမ်းများ

ဒေါ်ယဉ်သွယ်လွင်၊ စာကြည့်တိုက်မှူး

ဒေါ်ယုယုထွေး၊ စာကြည့်တိုက်လက်ထောက်(၂)

ဒေါ်ဇွန်သက်သက်ခိုင်၊ စာကြည့်တိုက်လက်ထောက်(၃)

ဒေါ်မော်ဦး၊ စာကြည့်တိုက်လက်ထောက်(၄)

 

ဆက်သွယ်ရန

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်စာကြည့်တိုက်

အမှတ် ၁၁၉ – ၁၃၁ ၊ တက္ကသိုလ်ရိပ်သာလမ်း ၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်း

အီးမေးလ် – [email protected]

www.yufl.edu.mm

စာကြည့်တိုက်အသုံးပြုခြင်း

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ဆရာ/ဆရာမများ

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ကျောင်းသား/သူများ

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၏၀န်ထမ်းများ

ပါမောက္ခချုပ်၏ ခွင့်ပြုချက်ရရှိသာပြင်ပပုဂ္ဂိုလ်များ

စာအုပ်ငှားရမ်းခြင်း

စဉ် ငှားခွင့်ရှိသူ စာအုပ်အရေအတွက် ငှားခွင့်ကာလ
ဆရာ/ဆရာမ ၅ အုပ် ၄ ပတ်
မဟာ၊ပါရဂူ သင်တန်းသား ၃ အုပ် ၃ ပတ်
ကျောင်းသား/သူများ ၂ အုပ် ၂ ပတ်
ဝန်ထမ်းများ ၂ အုပ် ၂ ပတ်

 

စာကြည့်တိုက်ဝန်ဆောင်မှုများ

  • စာအုပ်ငှားခြင်း
  • စာဖတ်ခန်း
  • ရည်ညွှန်းစာဖတ်ခန်း
  • New Arrivals
  • Periodicals
  • Dissertations
  • E- Resources

–    ProQuest Database

–    OECD Database

–    WEL (World Ebook Library) Database

  • Internet Service
  • Wi-Fi Free Service
  • Audiovisual Materials
  • Photocopy
  • British Council Library Mobile Service
  • Window on Korea Reading Room

 

စာကြည့်တိုက်စည်းမျဉ်း

၁။ စာငှားမှတ်ပုံတင်ခြင်း

စာကြည့်တိုက် အသုံးပြုခွင့်ရှိသူများသည် စာငှားကတ်ပြား (Borrower’s Card) ရရှိရန် စာငှားကောင်တာတွင်ရှိသော မှတ်ပုံတင်ကတ်ပြားတွင် ဖြည့်စွက်ရေးသား၍ လျှောက်ထားနိုင်ပါသည်။ လျှောက်ထားသောအခါ ကျောင်းသား/သူဖြစ်ပါက ကျောင်းသားမှတ်ပုံတင် ကတ်ပြားကိုလည်းကောင်း၊ ဆရာ/ဆရာမဖြစ်ပါက မိမိတို့သက်ဆိုင်ရာဌာနမှ ထုတ်ပေးသည့် မှတ်ပုံတင်ကတ်ပြားကိုလည်းကောင်း ပြသရမည်။ ပြင်ပမှပုဂ္ဂုလ်များဖြစ်ပါက သက်ဆိုင်ရာဌာန အကြီးအကဲ၏ ထောက်ခံစာဖြင့် ပါမောက္ခချုပ်ထံ ခွင့်တောင်းပြီး ခွင့်ပြုချက်ရရှိမှသာ စာငှားကတ် ထုတ်ပေးပါမည်။

၂။ ဆက်လက်ငှားခွင့်တောင်းခံခြင်း။ (Renewal)

ငှားယူထားသည့် စာအုပ်၏ငှားခွင့်ကာလ ကုန်ဆုံးပြီးနောက် ၄င်းစာအုပ်ကိုပင် ဆက်လက် ငှားယူ လိုသေးလျှင် မူလငှားခွင့် ကုန်ဆုံးသည့်နေ့၌ ဆက်လက်ငှားခွင့် တောင်းခံပြီး ထပ်မံငှားယူနိုင်သည်။ ထိုသို့ တောင်းခံရာတွင် မိမိတောင်းခံသည့်စာအုပ်ကို  အခြားသူတစ်ဦးက ငှားယူလိုကြောင်း လျာထားခြင်း မရှိမှ သာ ဆရာ/ဆရာမများသည်(၁၄)ရက်၊ ကျောင်းသား/သူများနှင့် ၀န်ထမ်းများသည်(၇)ရက် ဆက်လက် ငှားယူနိုင်သည်။

၃။ စာအုပ်လျာထားခြင်း (Reservation)

အကယ်၍ မိမိငှားလိုသောစာအုပ်ကို အခြားသူတစ်ဦးက ငှားထားလျှင် ၄င်းစာအုပ်ကို မိမိငှားလို ကြောင်း လျာထားနိုင်သည်။ လျာထားပုံစံတွင် ဖြည့်စွက်ရေးသား၍ စာငှားဌာနတွင် မှာထားနိုင်သည်။ စာအုပ်စာကြည့်တိုက်သို့ ပြန်ရောက်သောအခါ ထိုစာအုပ်ကို ငှားနိုင်ပြီဖြစ်ကြောင်း လျာထားသူထံ အကြောင်းကြားမည်။

၎။ ရက်လွန်ကြေးငွေကောက်ခံခြင်း

ငှားထားသော စာအုပ်များကို ပြန်အပ်ရက် (Due date)တွင် ပြန်မအပ်ဘဲ ရက်လွန်မှ ပြန်အပ်ပါက ရက်လွန်ကြေး တစ်ရက်လျှင် (၅)ကျပ်နှုန်း ကောက်ခံမည်။

၅။ စာအုပ်ပျောက်ဆုံးခြင်းနှင့် ယိုယွင်းပျက်စီးခြင်း

ငှားထားသောစာအုပ် ပျောက်ဆုံးသွားလျှင်ဖြစ်စေ၊ တစ်နည်းအားဖြင့် စာအုပ်၏ မူလအခြေအနေ ယိုယွင်းသွားလျှင်ဖြစ်စေ၊ ငှားထားသူက အောက်ပါအတိုင်း ဆောင်ရွက်ပေးရမည်။

(၁) မူလစာအုပ်အတိုင်း ပေးလျော်ရမည်။

(၂) အကယ်၍မူလစာအုပ်အတိုင်း ပေးလျော်နိုင်ခြင်းမရှိပါက စာအုပ်ကာလတန်ဖိုး၏ (၃)ဆ ပေးလျော်ရမည်။ အထူးရှားပါးသော စာအုပ်ဖြစ်ပါက စာကြည့်တိုက်မှူးက သတ်မှတ်ပေး သောတန်ဖိုးကို ပေးလျော်ရမည်။

စာကြည့်တိုက်စည်းကမ်း

၁။    စာအုပ်ပြန်မည့်ရက်တွင် ပြန်အပ်ခြင်းမပြုပါက ရက်လွန်နေကြောင်း အကြောင်းကြားစာပို့မည် ဖြစ်သည်။ အကြောင်းကြားစာ ပေးပို့ထားသော်လည်း စာအုပ်ငှားသူမှ စာအုပ်ပြန်လည်အပ်ခြင်း မပြုပါက ထိုကာလအတွင်း စာအုပ်ငှားခွင့်ကို ယာယီပိတ်ထားမည် ဖြစ်ပါသည်။

၂။    ငှားယူထားသော စာအုပ်များကိုသော်လည်းကောင်း၊ စာအုပ်ပျောက်ဆုံးသွားသဖြင့် ပေးလျော်ရ မည့် လျော်ကြေးငွေများကိုသော်လည်းကောင်း၊ စာကြည့်တိုက်သို့ အပြေအလည် ပေးဆောင်ခြင်း မရှိပါက စာမေးပွဲအောင်စာရင်း ထုတ်ပြန်ကြေညာ ပေးလိမ့်မည်မဟုတ်ပါ။

၃။    စာကြည့်တိုက်မှ စာအုပ်များကို ငှားရမ်းခြင်းမပြုဘဲ စာကြည့်တိုက်ပြင်ပသို့ ယူဆောင်ခြင်းမပြုရ။

၎။    စာငှားကတ်ကို မိမိတစ်ဦးတည်းသာ အသုံးပြုရမည်၊ အခြားသူတစ်ဦးသို့ ထပ်ဆင့်ငှားခြင်း၊ လွှဲပြောင်းခြင်းမပြုရ။ ဤနည်းအားဖြင့် စာအုပ်ပျောက်ဆုံးပျက်စီးခဲ့သော် မူလငှားသူ၏ တာဝန်သာဖြစ်သည်။

၅။    စာငှားကတ်ကို စာသင်နှစ်ပြောင်းတိုင်း စာသင်နှစ်စတွင် အသစ်လဲလှယ်ရမည်။

၆။    ကွန်ပျူတာကို စာရှာခြင်းနှင့်သင်ကြားရေးကိစ္စများအတွက် အသုံးပြုခြင်းမှလွဲ၍ အခြားကိစ္စများ အသုံးပြုခွင့်မပြုပါ။

၇။    စာဖတ်သူများနှင့် စာအုပ်ငှားသူများသည် စာကြည့်တိုက်၏ စာအုပ်စာတမ်းများ၊ မြေပုံများနှင့် လက်ရေးစာမူများပေါ်တွင် စာရေးသားခြင်း၊ ရုပ်ပုံဆွဲခြင်း၊ လိုင်းသားခြင်း မပြုလုပ်ရ။

၈။    စာအုပ်များ ညစ်ပေခြင်းသော်လည်းကောင်း၊ ပိုးမွှား၊ သတ္တ၀ါများကြောင့် ပျက်စီးခြင်းသော် လည်းကောင်း၊ တစ်နည်းနည်းဖြင့် စာအုပ်၏မူလအခြေအနေ ယိုယွင်းသွားလျှင်သော် လည်းကောင်း၊ ငှားထားသူက စာအုပ်အစားကိုဖြစ်စေ ပြုပြင်ချုပ်ခစရိတ်ကိုဖြစ်စေ ပေးဆောင် ရမည်။

၉။    စာကြည့်တိုက်အတွင်းနှင့် စာကြည့်တိုက်ပတ်ဝန်းကျင်တွင် စာဖတ်သူများကို အနှာက်အယှက် မဖြစ်စေရန် စကားတိုးတိုးပြောရမည်၊ ဆူညံခြင်းမပြုရ။

၁၀။     စာဖတ်သူများကို အနှာက်အယှက်ဖြစ်စေသော အပြုအမူ၊ အပြောအဆိုများ မပြုလုပ်ရ။

၁၁။     စာကြည့်တိုက်အတွင်းတွင် တယ်လီဖုန်းပြောခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အစားအသောက်များ စားခြင်း လုံးဝ မပြုလုပ်ရ။

၁၂။     စာကြည့်တိုက်ရှိ ပစ္စည်းများကို စည်းကမ်းတကျ ကိုင်တွယ် အသုံးပြုရမည်။