
ဒေါက်တာခင်မေချို
ပါမောက္ခ(ဌာနမှူး)
ဥယောဇဉ်
တရုတ်ဘာသာဟာ နိုင်ငံတကာမှာ ရေပန်းစားနေတဲ့ ဘာသာရပ်တစ်ခုဆိုတာ လူတိုင်းသိကြ ပါတယ်။ တရုတ်စာတတ်ရင် ကမ္ဘာလှည့်လို့ရတယ်လို့ လူအများကပြောကြပါတယ်။ ကမ္ဘာ့ ကုလသမဂ္ဂက အသိအမှတ်ပြုတဲ့ ဘာသာကြီး (၆)မျိုးထဲက တစ်ခုဖြစ်တဲ့အပြင်၊ ကမ္ဘာမှာအသုံး အများဆုံးဘာသာ(၁၀)မျိုးထဲက တစ်ခုလည်းဖြစ်ပါတယ်။ တရုတ်ဘာသာကို လူအများက ခက်တယ် လို့ပြောကြပေမယ့် သေသေချာချာ ကြိုးစားလေ့လာမယ်ဆိုလျှင် စိတ်ဝင်စားဖို့ကောင်းတဲ့ ဘာသာရပ် တစ်ခုဖြစ်ပါတယ်။
တရုတ်ဘာသာကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ရင် အလုပ်အကိုင် အလွယ်တကူရရှိနိုင် ပါတယ်။ အခုဆိုရင် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ကို Company အဖွဲ့အစည်း တော်တော် များများက တရုတ်ဘာသာဘွဲ့ရ ကျောင်းသား၊ ကျောင်းသူများကို အလုပ်ခန့်အပ်ရန် လာရောက် ကမ်းလှမ်းလျက်ရှိပါတယ်။ ဒါ့ကြောင့် တရုတ်ဘာသာအထူးပြု ကျောင်းသား၊ ကျောင်းသူများကို မိမိဘာသာရပ်မှာ ကျွမ်းကျင်ပိုင်နိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်းလိုပါတယ်။ တရုတ်ဘာသာကို စိတ်ဝင်စားသူများအနေနဲ့ B.A တန်းများအပြင် မနက်ပိုင်း Diploma သင်တန်းများနဲ့ CံHRD ညနေပိုင်း သင်တန်းများမှာ လာရောက်လေ့လာနိုင်ပါတယ်။ မိမိနဲ့ အဆင်ပြေမဲ့ သင်တန်းများကို ရွေးချယ် တက်ရောက်ကြဖို့ ကြိုဆိုဖိတ်ခေါ်ပါတယ်။
History of Chinese Department
တရုတ်ဘာသာဌာနသည် MC ဆောင် ပထမထပ်တွင် တည်ရှိပါသည်။ တရုတ်ဘာသာဌာန ကို ၁၉၆၅ ခုနှစ်၊ ဇွန်လ (၂၃) ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ဒီပလိုမာသင်တန်းများကို စတင် ဖွင့်လှစ်ခဲ့ပါသည်။ စတင်ဖွင့်လှစ်ချိန်တွင် နိုင်ငံခြားသား ဧည့်ပါမောက္ခများဖြင့် သင်ကြားခဲ့ပါသည်။
တရုတ်ဘာသာဌာနသည် ၂၀၀၀ ပြည့်နှစ်မှစပြီး ဘွဲ့ကြိုသင်တန်းများကိုလည်းကောင်း၊ ၂၀၀၈ ခုနှစ်မှစပြီး မဟာအရည်အချင်းစစ် သင်တန်းများကိုလည်းကောင်း၊ ၂၀၀၉ခုနှစ်မှစပြီး မဟာဘွဲ့ သင်တန်းများကိုလည်းကောင်း၊ ၂၀၁၁ ခုနှစ်မှစပြီး ပါရဂူဘွဲ့သင်တန်းများကိုလည်းကောင်း ဖွင့်လှစ် သင်ကြားပေးလျက်ရှိပါသည်။ ယင်းသင်တန်းများအပြင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုသင်တန်း (CHRD) ကိုလည်း ဖွင့်လှစ် သင်ကြားပေးလျက်ရှိပါသည်။
လုပ်ငန်းခွင်အတွေ့အကြုံရရှိစေရန် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစပြီး ဘွဲ့ကြိုစတုတ္ထနှစ် ကျောင်းသား၊ ကျောင်းသူများအား Job Training များ စေလွှတ်ပေးလျက်ရှိပါသည်။
၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် စုစုပေါင်း ကျောင်းသားဦးရေ (၅၀၀)ခန့်ရှိပါသည်။ တရုတ်ဘာသာ ပါရဂူဘွဲ့သင်တန်းတွင် တက်ရောက်နေသူ ဆရာမ (၁၀) ဦးရှိပါသည်။ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ပထမဆုံးပါရဂူဘွဲ့ရ (၃) ဦးကို မွေးထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်။
တရုတ်ဘာသာဌာနတွင် ဌာနမှူးတာဝန်များကို ထမ်းဆောင်ခဲ့ကြသူများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
(၁) ဦးသစ်ဆန်းလွင် (ကထိက)
(၂) Dr. ဒေါ်တင်ကြည် (ပါမောက္ခ)
(၃) ဒေါ်ယဉ်ယဉ်မြင့် (ကထိက)
(၄) ဒေါ်သန်းသန်းရီ (ကထိက)
(၅) ဒေါ်ခင်မော်စိုး (ကထိက)
ယခုလက်ရှိ Dr. ခင်မေချို (ပါမောက္ခ) ဖြစ်ပါသည်။
တရုတ်ဘာသာ ဌာနတွင် အချိန်ပိုင်း ပါမောက္ခ ၁ ဦး၊ ပါမောက္ခ (ဌာနမှူး) ၁ ဦး၊ တွဲဖက် ပါမောက္ခ ၁ ဦး၊ ကထိက ၁၆ ဦး၊ လက်ထောက်ကထိက ၂ ဦး၊ နည်းပြ ၄ ဦး၊ စုစုပေါင်း ဆရာ/ဆရာမ ၂၅ ဦး ရှိပါသည်။
ဆရာ/ဆရာမများ အရည်အသွေးမြင့်မားရေးအတွက် နိုင်ငံတော်မှ ပညာတော်သင်များ စဉ်ဆက်မပြတ် စေလွှတ်လျက်ရှိရာ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် Beijing Language and Culture University သို့သွားရောက်ပြီး Ph.D သင်တန်းတက်ရောက်သူ (၂)ဦး၊ MA သင်တန်း တက်ရောက်သူ (၁) ဦး၊ မွန်းမံသင်တန်း တက်ရောက်သူ (၂) ဦးရှိပါသည်။
နိုင်ငံတကာနှင့်ဆက်ဆံရေး
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် တရုတ်ဘာသာဌာနသည် (၁၄-၁-၂၀၁၅) တွင် Beijing Foreign Studies University နှင့်လည်းကောင်း၊ (၃-၇-၂၀၁၅) တွင် Yunnan Minzu University နှင့်လည်းကောင်း၊ (၃-၈-၂၀၁၅) တွင် Qiongzhou University နှင့်လည်းကောင်း MoU များ ရေးထိုးခဲ့ပြီး (၂၅-၂-၂၀၁၆) တွင် Guangxi University for Nationalities နှင့်လည်း MoA ရေးထိုးခဲ့ ပါသည်။
Faculty Members of Chinese
No. | Name | Post |
1 | Dr. Khin May Cho | Professor (Head) |
2 | Dr. Hla Hla Kyi | Associate Professor |
3 | Dr. Kay Khaing Myint | Associate Professor |
4 | Daw Than Than Yi | Lecturer |
5 | Daw Khin Maw Soe | Lecturer |
6 | Daw Aye Aye Mar | Lecturer |
7 | Daw Kyin Than | Lecturer |
8 | Daw Khin Hnin Yee | Lecturer |
9 | Daw Win Win Mar | Lecturer |
10 | Daw Thi Thi Thein | Lecturer |
11 | U Tin Ko Ko Zin | Lecturer |
12 | Daw Soe Soe Tint | Lecturer |
13 | Daw Aye Aye Min | Lecturer |
14 | Daw Phyu Phyu Win | Lecturer |
15 | Daw Aye Aye Khaing | Lecturer |
16 | Daw Htet Thu Thu Tun | Lecturer |
17 | Daw Mya Mya Win | Lecturer |
18 | Daw Phyo Kyi Pyar | Assistant Lecturer |
19 | Daw Su Mon Kyi | Tutor |
20 | Daw Su Myat Wai Zin | Tutor |
21 | Daw Han Nwe Swe | Tutor |
22 | Daw Kyi Phyu | Tutor |